ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ (မြင်းခြံ) သတင်းထုတ်ပြန်ချက်…
၁၃ မတ် ၂၀၁၃ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြင်းခြံမှ စတင်ထွက်ခွာလာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျောက်အဖွဲ့သည် မတ်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် လိုင်ဇာမြို့သို့ရောက်ရှိခဲ့သည်။ ဘုန်းကြီး ၉ ပါး၊ အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၃၄ ပါဝင်သည့် အဖွဲ့သည် လဂျားယန်တွင် အစိုးရ စစ်တပ် ပိတ်ဆို့မူကို ၅ ရက်တိုင်ခံခဲ့ရသည်။ “ လဂျားယန်မှာ ပိတ်ထားခံရတုန်းက လိုင်ဇာမြို့က ပြည်သူတွေမျောပေးလိုက်တဲ့ အားပေးစာ လေးတွေက တကယ့်ကို အားဖြစ်စေခဲ့ပါတယ်။ ” ဟု ငြိမ်းချမ်းရေးလမ်းလျာက်အဖွဲ့တွင် ပါဝင်သူ တဦးက ပြောသည်။ ငြိမ်းချမ်းရေးအဖွဲ့…
မြစ်ကြီးနား – ဆဒုံး – ကန်ပိုင်တီ သွားလမ်းတွင် စောင့်ကြပ်လျက်ရှိသည့် မြန်မာအစိုးရစစ်သားတို့၏ ခရီးသွားများအပေါ်လိုအပ်သည်ထက်ပိုသည့် စစ်ဆေးမူများ၊ ရိုက်နှက်မူများရှိခြင်းတို့ကြောင့် ခရီးသွားများ အနေနှင့် ထိတ်ထိတ်လန့်လန့်နှင့်သွားနေရသည်ဟု ခရီးသွားများကပြောသည်။ နှစ်သစ်ကူးတွင် ရင်ကျန်းမြို့သို့ပြန်သည့် ကချင်အမျိုးသားတဦးက ဆဒုံးတံတား၊ ရေတံခွန်တို့ကို ဓတ်ပုံရိုက် မိရာမှ ရင်ဘတ်ကိုခြေထောက်နှင့် ဆောင့်ကန်၊ သေနတ်ဒင်နှင့်ထု၊ လက်သီးနှင့်ထိုးခြင်းကိုခံခဲ့ရသည်။ ထိုမျှမကပဲ မင်းတို့ကချင်တွေကို သတ်ပစ်မည် ဟု လည်းခြိမ်းခြောက်ကာ သေနတ်ကိုမောင်းတင်ပြခဲ့သေးသည်။ ထိုကဲ့သို့အဖြစ်အပျက် မဖြစ်မှီက မော်တော်ကားမောင်းသူတဦး ဆဒုံးတံတားကောင်းမကောင်း အောက်ငုံ့ကြည့်မိရာမှ သွားများကျွတ်ထွက်သည်ထိ ရိုက်နှက်ခံခဲ့ရသည်။ ထိုကဲ့သို့ ခရီးသွားများအပေါ်တွင် ကျူးလွန်သည့် စစ်သားများသည် အရက်သေစာသောက်ထားခြင်းမဟုတ်ပဲ ပုံမှန်အခြေအနေတွင် ထိုကဲ့သို့ လူသားဂုဏ်သိက္ခာညှိုးနွမ်းစေမူများကိုပြုလုပ်ခြင်းဖြစ်သည်။ …
ဇန်န၀ါရီလ ၈ တွင် မြန်မာအစိုးရစစ်တပ်က ဒီဇင်ဘာလ ကုန်ပိုင်းက လေကြောင်းထိုးစစ်ဖြင့် တိုက်ခိုက်သိမ်းထားသည့် တောင်ကုန်း အမှတ် ၇၇၁ သို့ လက်နက်ရိက္ခာဖြည့်တင်းမူများကို ပြုလုပ်ခဲ့သည်။ တိုက်လေယဉ်မှ ဗုံးများတရစပ်ကြဲနေသည့်အချိန်တွင် ရဟတ်ယဉ်နှစ်စီးက လိုအပ်သည့်…
၃ ဒီဇင်ဘာ ၂၀၁၃ မြန်မာအစိုးရစစ်တပ်သည် လိုင်ဇာအနီးတ၀ိုက်သို့ နေ့စဉ် လေကြောင်းမှ တိုက်စစ်ဆင်သည်မှာ ခြောက်ရက်မြောက်ခဲ့ပြီဖြစ်သည်။ ၂၀၁၂ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၂၀၁၃ ဇန်န၀ါရီလ ၃ ရက်နေ့အထိ လေကြောင်းမှ…
၁ ဇန်န၀ါရီ ၂၀၁၃ ၂၀၁၃ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း ၃၄ နယ်မြေ၊ မန်တုံမြို့နယ် မှ မန်းဖွန်ရွာသို့ နမ္မတူအခြေစိုက် ခလရ ၁၃၀…
၁ ဇန်န၀ါရီ ၂၀၁၃ ၂၀၁၃ နှစ်သစ်တွင် အစိုးရတပ်များက ကေအိုင်အို ဌာနချုပ်အနီးမှ ရှေ့တန်းစခန်းများနှင့် နယ်ခြားမှတ်တိုင် အမှတ် ၆ ပန်ဝါဒေသတို့တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ပန်ဝါဒေသ နယ်ခြားမှတ်တိုင်…
၂၈ ဒီဇင်ဘာ ၂၀၁၂ မြန်မာအစိုးရစစ်တပ်သည် ကေအိုင်အို ဌာနချုပ်နှင့် ၆ မိုင်ခန့်သာဝေးသော လဂျားယန်ကျေးရွာသို့ လေကြောင်းမှ တိုက်စစ်ဆင်လျက်ရှိသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့်ကပင် ယင်းနေရာတွင်…